Option

ပုံသေအရေအတွက် ပမာဏ သတ်မှတ်ထားသော ကုန်ပစ္စည်းများ၊ ငွေကြေး၊ အာမခံစာချုပ်များကို သီးခြားနေ့ရက်တစ်ရက်၊ သီးခြားသတ်မှတ်ထားသော ဈေးနှုန်းဖြင့် ဝယ်ယူပိုင်ခွင့်နှင့် ရောင်းချပိုင်ခွင့်တို့ဖြစ်သည်။

Futures များနှင့်မတူဘဲ Option ဝယ်ယူထားသောသူသည် အမြတ်ရရှိနိုင်မှသာ ရောင်း/ ဝယ်မည်ဖြစ်ပြီး Option ဝယ်ယူထားသူတစ်ဦး မိမိ၏ Option သက်တမ်းလွန်သွားသည်အထိ လက်ဝယ်ထားရှိလျှင် အစကနဦးဝယ်ယူသည့် ဈေးနှုန်းပမာဏကို ဆုံးရှုံးမည်ဖြစ်သည်။

(၁) call option - option ဝယ်ယူခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ဈေးတက်လာမည်ကို မျှော်လင့်၍ ဝယ်ခြင်းဖြစ်သည်။

(၂) Put option - option ရောင်းချရန်ဖြစ်ပြီး ဈေးနှုန်းကျဆင်းမည်ဟု မျှော်လင့်ပြီး ဝယ်ယူခဲ့ခြင်းဖြစ်သည်။

(၃) Traded option - မည်သည့်အချိန်တွင်မဆို ဝယ်ယူနိုင် (သို့) ရောင်းချနိုင်သော option ဖြစ်သည်။

(၄) Traditional option - ဝယ်ယူနိုင်ခွင့်သာရှိပြီး ပြန်ရောင်းမရသော option ဖြစ်သည်။