Relationship Banking

(၁) ဘဏ်တစ်ခုနှင့် ၎င်း၏ ဖောက်သည်ဖြစ်သော ကော်ပိုရေးရှင်းတို့ကြား နှစ်ပေါင်းကြာမြင့်စွာ ဆက်ဆံမှုတည်ထောင်ခြင်း၊

အဓိကအားသာချက်မှာ ဘဏ်အနေဖြင့် ကုမ္ပဏီ၏လုပ်ငန်းကို နက်ရှိုင်းစွာ သိရှိနိုင်သည်။ သို့ဖြင့် ကုမ္ပဏီသို့ ငွေချေးရာတွင် သတင်းအချက်ပြည့်စုံသော ချေးငွေဆုံးဖြတ်ချက်ချနိုင်သည်။

ကုမ္ပဏီအနေဖြင့် ငွေကြေးခက်ခဲသည့်အခါ အကူအညီတိုးတက်ရယူနိုင်ရန် မျှော်လင့်နိုင်သည်။

(၂) ငွေရေးကြေးရေး ဝန်ဆောင်မှု ဈေးကွက်ပြုလုပ်သည့် (Marketing) အယူအဆ။

၎င်းအရ စာရင်းအရာရှိ (သို့) Customer Service ကိုယ်စားလှယ်ဖောက်သည်အားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားရမည်။ (သို့) ဥပဒေက အခြေအနေပေးသည့် အတိုင်းအတာထိ ပေးနိုင်ရန် ကြိုးစားရမည်။

Relationship Banking သည် ဘဏ်၏ Marketing တွင် အမှာစာများလက်ခံမှုကို ကျော်လွန်၍ အရောင်းဖွံ့ဖြိုးရေး တိုးတက်စေရေး ကြိုးစားမှုတစ်ရပ်ဖြစ်သည်။