Payment Order

(၁) သတ်မှတ်ဖော်ပြသော စာရင်းသို့ စာရင်းပြောင်းပေးရန် ဖောက်သည်က ညွှန်ကြားသည့် အမိန့်စာ။

ထို P.O. ကို စာတိုက်ဖြင့် (သို့) ပုဂ္ဂလိကစာပို့ Telex (သို့) Swift (သို့) နိုင်ငံတကာဘဏ်လုပ်ငန်း ဆက်သွယ်ရေးကွန်ယက်တို့ဖြင့်လည်း ပေးပို့နိုင်သည်။

(၂) ချက်လက်မှတ်နှင့်တူသော စာချုပ်စာတမ်းတစ်မျိုး။ သတ်မှတ်ထားသော ငွေအား အခြား တတိယလူတစ်ဦးသို့ ပေးရန်ညွှန်ကြားချက်။

ဥပမာ - Negotiable Order of Withdraw (NOW) ငွေလွှဲလက်မှတ် ရေးသားထုတ်ယူခြင်း။

(၃) မြန်မာနိုင်ငံတွင် တတိယပုဂ္ဂိုလ်သို့ ငွေပေးရန် ဘဏ်အာမခံချက် (Bank Guarantee Cheque) လျှောက်ထားသည့်အခါ ဘဏ်များက တတိယလူအမည်ဖြင့် Payment Order ကို အာမခံချက်အဖြစ် ထုတ်ပေးသည်။

ထိုချက်လက်မှတ်တန်ဖိုးနှင့် ကော်မရှင်ခကို ဘဏ်သို့ပေးသွင်းရသည်။ ထို P.O သည် (Non Negotiable Instrument) လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းမဟုတ်ပါ။