Teller System

ဤစနစ်သည် ဘဏ်များမှ သက်ဆိုင်ရာပုဂ္ဂိုလ်၏ ချက်လက်မှတ်များကို ကောက်ခံရာတွင် ခေတ်စားနေသော စနစ်ဖြစ်သည်။

လက်ခံသူသည် ကိုယ်တိုင် ဘဏ်သို့သွားရောက်၍ ချက်လက်မှတ်တင်ပြပြီး ကောင်တာတွင် ငွေသားထုတ်ယူနိုင်သည်။

ထိုချက်သည် လယ်ဂျာကိုင်သူမှ တစ်ဆင့်သွား၍ စာရင်းတွင် ငွေလုံလောက်မှု ရှိ/ မရှိ။ ချက်ထုတ်သူ၏ လက်မှတ် မှန်/ မမှန်ကို လက်မှတ်နမူနာနှင့် တိုက်ဆိုင်စစ်ဆေးသည်။

ဘဏ်အရာရှိမှ ထပ်ဆင့် လက်မှတ်ထိုးပြီးလျှင် ငွေထုတ်သူ ဖောက်သည်အား သတ္တုဖြင့် ပြုလုပ်သော တုံကင်ပြား (၎င်းကို Teller  ဟုခေါ်သည်) ကို ပေးသည်။

ထိုတုံကင်ပြား Teller အား ငွေကိုင်သို့ပြသောအခါ ငွေကိုင်က ငွေထုတ်ပေးသည်။ ယခုခေတ်တွင် ထိုငွေထုတ်သည့် လုပ်ငန်းစဉ်သည် အလွန် မြန်ဆန်သဖြင့် (၅) မိနစ်အတွင်း ဆောင်ရွက်နိုင်သည်။

ထို Teller စနစ်သည် ပိုင်ဆိုင်သူအား အမှန်အကန်ပေးနိုင်ရေးအတွက် သေချာစေရန် ဖြစ်သည်။