Spread

(၁) စတော့ဈေးကွက်တွင် ဈေးကွက်အရောင်းအဝယ်ကို ဆောင်ရွက်ပေးသူများက သတ်မှတ်သည့် ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်း ကွာခြားချက်။

(၂) ရင်းနှီးမြှုပ်နှံမှုများကို အစုလိုက် ခွဲခြားမြှုပ်နှံမှု။ ခွဲခြားမှုများလေ Spread များလေ၊ ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်မှုများလေ ဖြစ်သည်။

(၃) Commodity Futures များကို တစ်ချိန်တည်း ဝယ်ယူခြင်းနှင့် ရောင်းချခြင်းဖြင့် ယင်းတို့၏ နှိုင်းယှဉ်ဈေးနှုန်း ပြောင်းလဲမှုများက အမြတ်အစွန်း ရရှိနိုင်မည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။

ဤတွင် အမျိုးအစားတူ ကုန်စည်များကို တစ်ချိန်တည်းပေးဆောင်နိုင်ရန် ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ ပါဝင်သည်။ သို့သော်လည်း ကုန်တွင် လဲလှယ်မှုများ မတူနိုင်ခြင်း (သို့) တူညီသော ကုန်စည်များကို ဝယ်ယူခြင်း၊ ရောင်းချခြင်းကို ပေးဆောင်မှုတွင် အမျိုးမျိုးရှိနိုင်သည်။

(၄) ဘဏ်လုပ်ငန်းတွင် အတိုးနှုန်း ကွာဟချက်ကို ဆိုလိုသည်။