Systemic Risk

လုပ်ငန်းစနစ်တစ်လုံး ဆုံးရှုံးသွားနိုင်သည့် အန္တရာယ်ဖြစ်သည်။ ဥပမာ - ကုန်စည်ဈေးကွက်များရှိ စာရင်းရှင်းလင်းသည့်စနစ်ကို ဆိုလိုသည်။

ဘဏ် (သို့) ငွေရေးကြးရေးဆိုင်ရာ အဖွဲ့အစည်းများသည် လုပ်ငန်းပျက်စီးဆုံးရှုံးနိုင်မည် မဟုတ်ဟု ယူဆထားခြင်းဖြစ်သည်။

အဆိုပါဘဏ်ကြီးများ ပျက်သုန်းခြင်းသည် ဘဏ္ဍာရေးစနစ်တစ်ခုလုံးအတွက် Systemic Risk ပါဝင်လာမည်။ ဥပမာ - ငွေရေးကြေးရေး အဖွဲ့တစ်ခု၏ ပြဿနာ (သို့) ဈေးကွက်တစ်ခု၏ ပြဿနာသည် စနစ်တစ်ခုလုံးသို့ အန္တရာယ်ပေးနိုင်သော ပြဿနာအဖြစ်ပြန့်ထွက်သွားသည်။

ဘဏ်တစ်ဘဏ်က အပေးအယူ အသားတင်ပေးရန် ပျက်ကွက်မှုကြောင့် ဆက်တိုက်ကွင်းဆက် ဖြစ်ပေါ်မှုဖြစ်သည်။

အခြားဘဏ်များတွင်လည်း (ငွေရရန်များ မရတော့သဖြင့်) ငွေပြတ်သွားပြီး ၎င်းတို့၏ အခြေအနေကို ငွေပေးချေ၍ ပိတ်ရန် မတတ်နိုင်တော့သည့် အခြေအနေများ ဆက်တိုက်ဖြစ်ပေါ်စေသည်။

အခြေအနေ အဆိုးဆုံးအရ အဖွဲ့အစည်းများသည် ပျက်ကွက်သော ဘဏ်နှင့် လုပ်ငန်းဆက်သွယ်မှု မလုပ်ကြတော့သဖြင့် ဘဏ်အချင်းချင်း ပုံမှန်စာရင်း ရှင်းလင်းမှု (Clearing) ပိတ်လိုက်ကြရသည်။ ဤအခြေအနေမျိုးကို Payment System Gridlock ဟု ခေါ်သည်။