Stock Exchange (Stock Market)

အာမခံစာချုပ်များ ရောင်း / ဝယ်ကြသောဈေးကွက်။

၎င်းဈေးနှုန်းကို ဝယ်လိုအားနှင့် ရောင်းလိုအားဖြင့် ထိန်းထားသည်။ စတော့အိပ်ချိန်များသည် ငွေစုနှင့် ရင်းနှီးမြှုပ်နှံ့မှုကို လွယ်ကူစေသည်။ ရင်းနှီးထားသူများအနေဖြင့် မိမိတို့ဝယ်ထားသော အာမခံစာချုပ်များကို အလွယ်တကူ အိပ်ချိန်းတွင် (ဒုတိယဈေးကွက်တွင်) ရောင်းချနိုင်သည်။

ကုမ္ပဏီများ၊ အစိုးရများနှင့် အခြား အဖွဲ့အစည်းများကလည်း အရင်းအနှီးအသစ် ရှာဖွေရာတွင် (Primary Market) မူလဈေးကွက်၌ ရှာနိုင်သည်။

အလွယ်တကူ ရောင်းချနိုင်မှု၏ လိုအပ်ချက်မှာ အသစ်ထုတ်ရှယ်ယာများသည် နာမည်ကောင်းသော ငွေချေးယူသူများ (သို့) အဖွဲ့အစည်းများက ကျောထောက်နောက်ခံ ပေးရမည်။

လက်ရှိ အာမခံစာချုပ်များပေါ်တွင် သတင်းအချက်အလက် ပြည့်စုံစွာ ရနိုင်ရမည်။

ဈေးကွက်လုပ်သူများထဲတွင် အပြိုင်အဆိုင်ရှိရမည်။ ထို့အပြင် ၎င်းတို့သည် ပြည့်စုံရမည်။ ငွေဖြစ်လွယ်ရမည်။

ဥပဒေနှင့် ညီညွတ်၍ ဈေးကွက်စည်းမျဉ်းများအရ လိမ်လည်မှုကာကွယ်မှုရှိခြင်းနှင့် တိကျသောဓလေ့ရှိရမည်။

စတော့အိပ်ချိန်းတွင် ရောင်းဝယ်မှုစနစ်အမျိုးမျိုးရှိရာ (Order Driven: Quote Driven) အပြင် ယခုအခါ Automated Screen Trading နှင့် တယ်လီဖုန်းဈေးကွက်များ ပေါ်လာပြီဖြစ်သည်။

နည်းပညာသစ်များနှင့် စည်းကမ်းလျော့ချမှုများကြောင့် စတော့အိပ်ချိန်းပြင်ပတွင် အာမခံစာချုပ်များ ရောင်းဝယ်မှုတိုးတက်လာသည်။