Money

ငွေကြေး။ အများက အသိအမှတ်ပြု ငွေစက္ကူဒင်္ဂါးနှင့် ဘဏ်အပ်ငွေများအရ ငွေ၏လုပ်ဆောင်ချက်ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် အချို့က လုပ်ဆောင်ချက် (၃)ရပ်နှင့် အချို့က လုပ်ဆောင်ချက် (၄)ရပ်ဟု ဖွင့်ဆိုကြသည်။

၎င်းတို့မှာ -

(၁) Medium of Exchange - ဖောက်သည်များ၊ လုပ်ငန်းများနှင့်အစိုးရတို့ကြားတွင် လဲလှယ်ရေး မဏ္ဍိုင်အဖြစ် ဆောင်ရွက်ခြင်း။

(၂) Unit of Account - ၎င်းသည် ဝယ်ယူနိုင်သည့်အင်အား (Purchasing Power) ကို တိုင်းတာသည်။ (သို့) ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ပေးသော ဈေးနှုန်း။ (ဖြင့်ဖော်ပြနိုင်သည်။)

(၃) Store of Value -  တန်ဖိုးကို သိုလှောင်ထားနိုင်ခြင်း။ လက်ရှိဝင်ငွေစီးပွားရေး တန်ဖိုး (သို့) အနာဂတ်ကာလ အသုံးစရိတ်များကို တိုင်းတာနိုင်သည်။

(၄) Standard of Deferred Payment - နောင်တစ်ချိန် ပေးရန်စံအဖြစ်သတ်မှတ်ခြင်း။ ချေးငွေများအတွက် အနာဂတ်ပေးရမည့်ငွေကို သတ်မှတ်နိုင်သည်။

၎င်းအပြင် ငွေတွင် အင်္ဂါရပ် (၉) မျိုးရှိသည်။

(၁) Common Acceptability - အများကလက်ခံခြင်း။

(၂) Portability - သယ်ယူရလွယ်ကူခြင်း။

(၃) Divisible - ခွဲခြမ်းနိုင်ခြင်း။

(၄) Scarcity - ရှားပါးခြင်း (ပေါများမှု မဖြစ်ရ။ အလွန်ရှားပါးမှုလည်း မဖြစ်ရ။)

(၅) Suitable Size - အရွယ်အစားသင့်တင့်ခြင်း။

(၆) No Intrinsic Value - ပင်ကိုယ်သဘာဝအားဖြင့် တန်ဖိုးရှိရန်မလိုခြင်း။

(၇) Durable - တာရှည်ခံခြင်း။

(၈) Homogenity - တန်ဖိုးအမြဲတူညီခြင်း။

(၉) Fiat Money - အမိန့်အာဏာဖြင့် ပြဌာန်းထားခြင်း။