Collecting Banker

ချက်ကောက်ခံပေးသောဘဏ်။ ကောက်ခံရန် ပေးသွင်းသော ချက်လက်မှတ်အား ငွေထုတ်ပေးရန် တင်ပြရာတွင် ကောက်ခံသောဘဏ်သည် အထူးသတိထားရမည်။

ထုံးတမ်းစဉ်လာအရ အသိအမှတ်ပြုထားသော လမ်းကြောင်းမှမဟုတ်ဘဲ ကောက်ခံပေးလျှင် ဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်သည်။

ကောက်ခံပေးသောချက်သည် ပြန်ပေးလျှင် သက်ဆိုင်ရာ ဖောက်သည်သို့ လိုအပ်သလိုအကြောင်းကြားရမည်။ အကြောင်းမကြားခဲ့သော် ပြန်၍ ဖောက်သည်စာရင်းမှ နှုတ်ယူခွင့်မရှိချေ။

အခြားဘဏ်တစ်ခု (သို့) ဘဏ်ခွဲတွင် ထုတ်ရမည့်ချက်လက်မှတ်အား ကောက်ခံပေးသော ဘဏ်သည် တန်ဖိုးအတွက် ကိုင်ဆောင်သူ (Holder for value) ဖြစ်နိုင်သလို (သို့) ကောက်ခံရန် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် ကောက်ခံခြင်း (သို့) မိမိကိုယ်စား ကောက်ခံခြင်းလည်းဖြစ်နိုင်သည်။

ဖောက်သည်အား ချက်လက်မှတ်အတွက် ငွေကြိုတင်ပေးထားပြီးဖြစ်လျှင် Holder for value ဖြစ်သည်။

ငွေ မပေးရပါက ကောက်ခံပေးသောဘဏ်သည် ကိုယ်စားလှယ်သာဖြစ်သည်။