Reserve Requirement

ဘဏ်များနှင့် ငွေစုအဖွဲ့အစည်းများက သူတို့ထံအပ်ငွေ၏ အစိတ်အပိုင်း အချို့ကို ငွေအပ်သူများအား အကာအကွယ်ပေးရန် ဥပဒေအရ ထားရမည့် အစိတ်အပိုင်း၊ အရန်ထားရန်လိုအပ်ချက်သည် ငွေကြေးညှိနှိုင်းရာတွင် Federal Reserve System က သုံးသော နည်းလမ်းအဖြစ် ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ချေးငွေထောက်ပံ့မှုကို စည်းမျဉ်းချမှတ်ရာတွင် သုံးသည်။

အရန်ငွေကို တိုးမြှင့်ခြင်း လျှော့ချခြင်းဖြင့် Federal Reserve သည် ဘဏ်မှချေးငွေကို တိုးခြင်း (သို့) ကြပ်တည်းစေခြင်းကို ဆောင်ရွက်နိုင်သည်။

၎င်းအပြင် ဘဏ်၏ ချေးနိုင်မှုကို ချုပ်ကိုင်နိုင်သည်။ ဤသည်ကို Fractional Reserve Banking ဟု ခေါ်သည်။

မြန်မာနိုင်ငံတွင် စာရင်းရှင်နှင့် ခေါ်ယူအပ်ငွေတို့ကဲ့သို့သော တောင်းဆိုလျှင် ပေးရမည့်အပ်ငွေပေါ်တွင် ၁၀% ကိုလည်းကောင်း၊ ငွေစုစာရင်းနှင့် ပုံသေအပ်ငွေစသည့် အချိန်ပိုင်းအပ်ငွေများအပေါ် ၅% ကိုလည်းကောင်း၊ အရန်ငွေအဖြစ် ထားရှိရသည်။