Swap

(၁) ငွေချေးယူသူသည် မိမိအလိုရှိသော ငွေပုံစံတစ်မျိုးကို အလွယ်တကူ ရှာရသည့်ငွေဖြင့် လဲလှယ်သည့်နည်း။ ထိုသို့ လဲလှယ်ရာတွင် ဘဏ်က ကြားခံဆောင်ရွက်ပေးမှုဖြင့် လဲလှယ်သည်။

ဥပမာ - အင်္ဂလန်ကုမ္ပဏီတစ်ခုသည် ဂျာမန်မတ်ကို အမှန်တကယ် ချေးယူလိုသည့်အခါ သူ့အနေဖြင့် စတာလင်ချေးငွေဖြင့် ငွေရှာခြင်းသည် ပိုလွယ်သည်ကို တွေ့ရသည်။

ဂျာမန်ကုမ္ပဏီတစ်ခုသည်လည်း ထိုပြဿနာနှင့် ဆန့်ကျင်ဘက်တွေ့ရသည်။ Swap အရ သူတို့ပိုင်ဆိုင်သောငွေဖြင့် အလိုရှိသောငွေကို လဲလှယ်နိုင်ကြသည်။

အခြား အများဆုံးတွေ့ရသော Swap အမျိုးအစားမှာ အတိုးနှုန်းဆွပ် (Interest rate swap) ဖြစ်သည်။

၎င်းတွင် ငွေချေးယူသူက ပုံသေအတိုးနှုန်းနှင့် နှုန်းရှင်အတိုးနှုန်းကို အလဲအလှယ်လုပ်သည်။

(၂) နိုင်ငံခြားငွေလဲရာတွင် ခန့်မှန်းခြေအားဖြင့် တူညီသော ငွေပမာဏ၊ မတူညီသော သက်တမ်းစေ့ ကာလများဖြင့် တစ်ပြိုင်တည်း အရောင်းနှင့်အဝယ်ကို လုပ်သည်။

Swap ၏ ဈေးနှုန်းမှာ သက်တမ်းမတူသော နေ့နှစ်နေ့ကြား ဈေးနှုန်းကွဲပြားသည်။ ပုံသေတာဝန်များတွင်ပေးသော အတိုးနှုန်းနှင့် နှုန်းရှင်ပေးသော အတိုးနှုန်း (Interest rate saving တွင်) အလဲအလှယ်လုပ်သည့် သဘောတူညီချက် (သို့) ငွေကြေးတစ်ခုနှင့် အခြားငွေကြေးတစ်ခုတို့ (a currency swap တွင်) အလဲအလှယ်လုပ်ကြသည်။

၎င်းနောက် နောက်ပိုင်းရက်တွင် လဲလှယ်မှုပြန်ပြောင်းကြသည်။ Swap သဘောတူညီချက်တစ်ခုသည် စိတ်မှန်းထားသည့် အရင်းပမာဏပေါ်တွင် (သို့) တူညီသောအရင်းပေါ်တွင် အခြေခံ၍ သက်တမ်းစေ့ချိန်၌ တန်ဖိုးကို သတ်မှတ်သည်။

သို့သော် (အမှန်စင်စစ်) အလဲအလှယ် မည့်သည့်အခါမှ မလုပ်ချေ။ ဆွပ်သည် သတ်မှတ်အရင်းပေါ်တွင် အတိုးတန်ဖိုးကို ပေးကြရသည်။

Financial Swap နှင့် ပတ်သက်သည့် နည်းဥပဒေများကို International Swap Association က ပြုလုပ်သည်။

(၃) Bond Swap

(၄) Mortgage Swap

(၅) Commodity Swap ကုန်ပစ္စည်းဈေးနှုန်းနှင့် ဆက်စပ်၍ လဲလှယ်သည့် တန်ဖိုးကို ပေးချေကြသည်။