Patent

တီထွင်မှုအတွက် မူပိုင်ခွင့်အရေး။ ဥပမာ အင်္ဂလန်တွင် မူပိုင်ခွင့်ကို ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ မူပိုင်ရုံးမှတစ်ဆင့် ဘုရင်က အပ်နှင်းသည်။

တီထွင်သူများသည် (သို့) တီထွင်သူ၏ အလုပ်ရှင်သည် မိမိတီထွင်မှုမှာ အသစ်ဖြစ်ကြောင်း သက်သေပြ၍ လျှောက်ထားရသည်။ ၎င်းသည် စက်မှုလက်မှုတွင် လက်တွေ့အသုံးပြုနိုင်ရမည်။

မူပိုင်ခွင့်ပေးလိုက်လျှင် ထိုအသေးစိတ်ကို မူပိုင်ရုံးက ကြေညာသည်။ မူပိုင်ခွင့်သည် လျှောက်ထားသည့်နေ့မှ နှစ်ပေါင်းနှစ်ဆယ်အထိ အတည်ဖြစ်သည်။ (လျှောက်ထားသည့်နေ့ကို (Priority Date) ဟုခေါ်၍ ထိုနေ့မှစ၍ မူပိုင်ခွင့်ပြုခံရသူ (Patentee) အား ထိုစနစ် (သို့) နည်းကို သုံးစွဲနေသူများက သင့်တော်သော အခကြေးငွေပေးကြရသည်။

ထိုကာလအတွင်း မူပိုင်ခွင့်ရသူသည် မိမိမူပိုင်ခွင့်ကို အသုံးပြုရန် ခွင့်ပြုနိုင်သည်။ ထိုရောင်းဝယ်မှု လုပ်ဆောင်ခြင်းကို မူပိုင်ရုံးတွင် မှတ်ပုံတင်ထားရသည်။

တစ်စုံတစ်ဦးက မူပိုင်ရသူ၏ အခွင့်အရေးကို ချိုးဖောက်သုံးစွဲခဲ့လျှင် မူလပိုင်ရှင်က နစ်နာမှုဖြင့် တရားစွဲဆို နိုင်သည်။